🏰 ကမ္ဘာကျော် Animation စတူဒီယိုကြီးရဲ့ ခရီးကြမ်းနဲ့ မသိသေးတဲ့ Logo သမိုင်း 💫

Article featured image

ကမ္ဘာကျော် Animation စတူဒီယိုကြီးရဲ့ ခရီးကြမ်းနဲ့ မသိသေးတဲ့ Logo သမိုင်း

Animation ကာတွန်းကားလို့ ပြောလိုက်တာနဲ့ လူတိုင်းရဲ့ မျက်လုံးထဲမှာ Disney ကို ပြေးမြင်မိကြမှာ အသေအချာပါပဲ။ အခုချိန်မှာ ကမ္ဘာ့အကြီးဆုံး Animation Production Studio တစ်ခု ဖြစ်လာတဲ့ Disney ရဲ့ စိတ်ဝင်စားစရာ သမိုင်းကြောင်းလေးနဲ့ လူသိနည်းတဲ့ Logo နောက်ကွယ်က အကြောင်းအရာလေးတွေကို ပြောပြပေးချင်ပါတယ်။

Walt Disney ရဲ့ စတင်ခြင်း
Walt Disney ကို Walt Disney နဲ့ Roy O. Disney တို့ ညီအစ်ကိုနှစ်ယောက်က ၁၉၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ Studio သေးသေးလေးတစ်ခုသာ ဖြစ်ခဲ့ပြီး၊ Logo နာမည်ကိုလည်း သူတို့နာမည်ဖြစ်တဲ့ Walt Disney ကိုပဲ ပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ အချိန်တွေကြာလာတဲ့အခါမှာတော့ အခုလူတိုင်းသိကြတဲ့ Disney ဟာ Hollywood မှာ အကြီးမားဆုံး ကမ္ဘာကျော် Animation Production Studio တစ်ခု ဖြစ်လာခဲ့ပါပြီ။

Disney Logo ရဲ့ လျှို့ဝှက်ချက်
Disney Production လို့ ပြောလိုက်တာနဲ့ ဘဲကြီး Mickey Mouse ထက် ရဲတိုက်ပုံပါတဲ့ Logo ကို တန်းမြင်မိကြမှာ သေချာပါတယ်။ ဒီလိုအောင်မြင်တဲ့ Logo ရဲ့ နောက်ကွယ်မှာ ဘယ်လိုဖြစ်လာတယ်ဆိုတာကိုတော့ လူသိနည်းကြပါတယ်။ Logo ထဲက လှပတဲ့ရဲတိုက်ကတော့ ၁၉ ရာစုမှာ တည်ဆောက်ခဲ့တဲ့ Neuschwanstein Castle ဖြစ်ပြီး၊ ဂျာမနီနိုင်ငံ၊ Bavaria မြို့ မှာ တည်ရှိပါတယ်။ Disney ရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ Snow White and the Seven Dwarfs (၁၉၃၇) မှာ ဒီရဲတိုက်ပုံကို တရားဝင်အသုံးပြုခဲ့ခြင်း မရှိသေးပါဘူး။

Logo ရဲ့ ပြောင်းလဲလာပုံ
၁၉၃၇ မှ ၁၉၈၃ အထိ: Walt Disney ဆိုတဲ့ စာသားကိုပဲ အလှဆင်ထားတဲ့ Logo ကို အသုံးပြုခဲ့ပါတယ်။ ၁၉၈၅ မှ ၂၀၀၆ အထိ: Disney ရဲ့ ၁၉၅၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Sleeping Beauty ကာတွန်းကားထဲမှာ ထည့်သွင်းခဲ့တဲ့ Neuschwanstein Castle ပုံကို Logo အဖြစ် ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှ ယခုထိ: ၂၀၀၆ ခုနှစ်မှာတော့ အဲ့ဒီရဲတိုက် Logo ကိုပဲ Digital 3D Animated Logo အဖြစ် ပိုပြီး အသက်ဝင်အောင် အနည်းငယ်ပြင်ဆင်ရေးဆွဲခဲ့ပြီး၊ အဲဒီအချိန်ကစလို့ ယခုချိန်ထိ အဲဒီ Logo ကိုပဲ ဆက်လက်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ Walt Disney ရဲ့ အတိတ်ခရီးနဲ့ သူတို့ရဲ့ Iconic Logo ရဲ့ မသိသေးတဲ့ အကြောင်းအရာလေးတွေပဲ ဖြစ်ပါတယ်။

Stay Updated

Subscribe to receive my latest articles and updates

m/ajax/libs/font-awesome/6.0.0-beta3/css/all.min.css">