Content Writer ဖြစ်ဖို့ ဘယ်ကစရမလဲ။

Article featured image

Content Writer ဖြစ်ဖို့ ဘယ်ကစရမလဲ။

တကယ်လို့ သင်က Content Writer လောကထဲကို
ဝါသနာပါလို့ ဝင်ဖို့ကြိုးစားနေတဲ့သူတစ်‌ယောက်၊
သို့သော် ဘယ်ကနေဘယ်လိုစလေ့လာရမလဲမသိ၊
စမ်းရေးကြည့်မယ်ဆို‌ပြန်တော့လဲ Idea ကထွက်မလာ၊
ဒီလိုပြဿနာတွေနဲ့ကြုံတွေ့နေတယ်ဆိုရင်တော့
ဒီ Post ကတော့ မိတ်ဆွေတို့အတွက်အကျိုးရှိစေမှာပါ။🚀

Content Writer ဖြစ်ဖို့ ဘယ်ကစရမလဲ။


၁။ ဝါသနာရှိပါစေ ❤️‍🔥
Content Creator တွေရဲ့ ဝင်ငွေကောင်းတာကို
မြင်ပြီး ဒီနယ်ပယ်ထဲကို တိုးဝင်နေတယ်ဆိုရင်တော့
လမ်းမှားနေပြီလို့ ပထမဆုံး ပြောချင်ပါတယ်။
ဝါသနာမပါဘဲ အတင်းတိုးဝင်ခြင်းဟာ သင့်ကို
မသိစိတ်ကနေ အဆင့်များစွာ ကျော်ပစ်ဖို့
တိုက်တွန်းနေပါလိမ့်မယ်။

ဝါသနာဆိုတာ ပြောင်းလဲတတ်တဲ့အရာပါ။
အရင်က ဝါသနာမပါခဲ့ဘူးဆိုရင်တောင်
မိတ်ဆွေတို့အနေနဲ့ ဆုံးဖြတ်ချက်ချပြီး
တစ်ဆင့်ချင်းစီ (step by step) သွားမယ်ဆိုရင်တော့
အရင်က မသိတာတွေပါ သိလာရမှာဖြစ်လို့
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာပြီး
ဝါသနာကို တိုးမြင့်စေနိုင်ပါတယ်။

၂။ စာများများဖတ်ပါ 📚
အရေးအသား၊ အချိတ်အဆက်၊ အထားအသို
အနေအထားတွေကို ရင်းနှီးကျွမ်းဝင်စေဖို့အတွက်
စာများများဖတ်ပါ။ စာဖတ်ရင်းနဲ့ မြန်မာစာ သဒ္ဒါကိုပါ
တစ်ခါတည်း တွဲဖက်လေ့လာပါ။

၃။ Research Skill မြှင့်တင်ပါ 🔍
Content Writer တစ်ယောက်မှာ Research Skillဆိုတာ
မရှိမဖြစ်လိုအပ်တယ်ဆိုတာ သိဖို့ အရေးကြီးပါတယ်။
Research Skill ကောင်းမွန်ဖို့ အင်္ဂလိပ်စာ အရည်အချင်း
အသင့်အတင့်ရှိဖို့လည်း လိုအပ်ပါတယ်။

ဥပမာ- ကိုယ်က ကျန်းမာရေးအကြောင်း
ပညာပေးတစ်ခု ရေးတော့မယ်ဆိုရင်
ဘာကြောင့် လူတွေက ကျန်းမာဖို့ လိုအပ်တာလဲ၊
ဘယ်အရာက သင့်ကို နေမကောင်းဖြစ်စေတာလဲ
စတဲ့ အကြောင်းပြချက်တွေကိုသိဖို့ Google, Wikipedia
တို့လို အင်တာနက်ကနေ ဘယ်လိုလေ့လာပြီး ရရှိနိုင်လဲ၊
အဲ့ဒီအချက်အလက်တွေကို Content မှာ ဘယ်လို
ကွန့်မြူးရေးသားရမလဲဆိုတာမျိုးပေါ့။

၄။ နယ်ပယ်တစ်ခုကို အရင်သတ်မှတ်ပါ 🎯
သင်က အခုမှစလေ့လာနေတဲ့ Beginner
တစ်ယောက်ဆိုရင် Content အမျိုးအစား တစ်မျိုးတည်းကို
အကြောင်းအရာအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးနဲ့
ဖန်တီးနိုင်အောင် လေ့ကျင့်ရေးသားကြည့်ပါ။

ဥပမာ- "ကချင်ပြည်နယ် ရေခဲတောင်ပေါ်သို့ ခရီးသွားမှတ်တမ်း" ဆိုတဲ့ ခေါင်းစဉ်ကို
Content ရေးမယ်ဆိုရင် အကြောင်းအရာမျိုးစုံ၊
ရှုထောင့်အမျိုးမျိုးကနေ မတူညီတဲ့ အရေးအသားများနဲ့
လေ့ကျင့်ရေးသားပါ။ လေ့ကျင့်တာ များလာပြီး
ကျွမ်းကျင်လာပြီဆိုရင်တော့ မတူညီတဲ့ Content
အမျိုးအစားများကို ထပ်မံတိုးချဲ့
ရေးသားဖန်တီးကြည့်ရပါမယ်။

၅။ ရည်ရွယ်ချက် (Purpose of Content) ထားရှိပါ 💡
ကိုယ်ရေးထားတဲ့ Content တစ်ခုကို စာဖတ်သူတွေ
ဖတ်ပြီးတဲ့နောက် ဘယ်လိုအသိပညာတစ်ခုခု ရသွားစေနိုင်
မလဲဆိုတဲ့ ရည်ရွယ်ချက်တစ်ခုရှိဖို့ သိပ်ကို အရေးကြီးပါတယ်။

၆။ အချက်အလက် မှန်ကန်မှု (Fact Check) ✅
ကိုယ်ရေးထားတဲ့ အကြောင်းအရာ သို့မဟုတ်
ကိုယ်ယူသုံးထားတဲ့ အချက်အလက်တွေဟာ
ဘယ်လောက်ထိ မှန်ကန်မှုရှိသလဲဆိုတာကို
ဆန်းစစ်လေ့လာရေးသားနိုင်ရပါမယ်။ Content ဖြစ်ရင်
ပြီးရောဆိုပြီး အချက်အလက်တွေ မမှန်ကန်ဘူးဆိုရင်
သင့်ရဲ့ Content Quality ကို ကျဆင်းစေပါလိမ့်မယ်။

၇။ Portfolio တည်ဆောက်ပါ 💼
ကိုယ်ရေးထားတဲ့ Content များကို ကိုယ်ပိုင် Website
သို့မဟုတ် Facebook Page တွေမှာ မှတ်တမ်းတင်
ပြုစုထားပါ။ Content Writer အလုပ်လျှောက်တဲ့အခါ
CV Form ထက် Portfolio က ပိုပြီး အရေးကြီးပါတယ်။

အထက်ပါအကြောင်းအရာတွေကို အကုန်နားလည်ပြီး
သဘောပေါက်ပြီဆိုရင် Content Writer ဖြစ်ပြီလား?

No ပါ။ ဘာကြောင့်လဲဆိုရင် အထက်ပါအကြောင်းအရာ
တွေဟာ အခြေခံအုတ်မြစ် (Foundation) တစ်ခု
ဖြစ်တာကြောင့် မသိမဖြစ် သိထားဖို့လို‌လို့ပါ။

Content Writer ကောင်းတစ်ယောက်ဖြစ်ဖို့ -
• အကြောင်းအရာတစ်ခုကို ရှုထောင့်အမျိုးမျိုးနဲ့
  ဖန်တီးရေးသားနိုင်အောင် ကြိုးစားပါ။
• ကိုယ်ပုံဖော်ချင်တဲ့ ရည်ရွယ်ချက်ကို ပေါ်လွင်အောင်
   ကွန့်မြူးရေးသားပုံဖော်နိုင်အောင် လေ့ကျင့်ပါ။
• ဗဟုသုတ အသစ်တွေရှာဖွေလေ့လာပါ။
• စာများများဖတ်ပါ။ 📖
• မြန်မာစာမှန်ကန်အောင်ရေးပါ။ ✍️

ဒီလမ်းညွှန်ချက်တွေက သင့်ရဲ့ Content Writer ခရီး
လမ်းမှာ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

Content Writen by Sai Maung Lenn

#ContentWriter #ContentWriting #MyanmarContent
#WriterLife #FreelanceWriter #CareerTips #WritingSkills
#LearnToWrite #DigitalMarketing #The_Content_Era #Meriko

Stay Updated

Subscribe to receive my latest articles and updates